သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၅-၉-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေး ပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာ ဝင်းမောင်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုနိုင် မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် သဘာဝသယံဇာတများ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှု အားလည်းကောင်း၊ တောအုပ်ကြီး ဦးဇွဲညီညီအောင်မှ ဖင်လန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ရိုမေးနီးယားနိုင်ငံများတွင် တက်ရောက်ခဲ့သည့် သစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။



