၄-၉-၂၀၂၃ ရက်နေ့မှ ၁၀-၉-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၆.၆၅၉၉)တန်၊ သစ်မာ (၅.၆၃၆၆)တန်၊ အခြား (၇.၉၇၆၄)တန်၊ စုစုပေါင်း (၄၀.၂၇၂၉)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၉-၂၀၂၃ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူဘိနယ်၊ ရေလဲကျေးရွာနှင့် ညောင် ချောင်းကျေးရွာကြား၊ သပြုကျေးရွာမြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ် ကမ်းစပ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား/လုံးပတ်၃ပေအောက်သစ်/ဗုံတို စုစု ပေါင်း (၄၂၆)ချောင်း/လုံး (၁၁.၆၁၅၉)တန်၊ စက်တပ်ရေယာဉ် (၁)စီး၊ (ဘေးတွဲ) စက်လှေ(အင်ဂျင်မပါ) (၂)စီး၊ လှေ (၁)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, September 13, 2023 - 18:45