၁၁-၉-၂၀၂၃ ရက်နေ့မှ ၁၇-၉-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၅.၀၁၃၉)တန်၊ သစ်မာ (၁၉.၃၀၀၈)တန်၊ အခြား (၅၄.၆၇၁၀)တန်၊ စုစုပေါင်း (၁၆၈.၉၈၅၇)တန်၊ ယာဉ်/ ယန္တရား (၂၄)စီး၊ တရားခံ (၅၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာအနောက်ဘိနယ်၊ စိမ့်ကြီးကျေး ရွာအနီး၊ လယ်ကွင်းစပ်နေရာ/ တောင်ကလပ်ချောင်းအနီး/ ကွန်းချောင်းဆည်ရေဝပ် ဧရိယာ ဒေသအခေါ် ရှောက်မြောင် နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သဒီ/ သင်္ဂဒူ/ကညင်/ယမနေ/အင် ခွဲသား စုစုပေါင်း (၅၁၁)ချောင်း (၄၅.၈၈၅၀)တန်၊ ဆိုင်ကယ် (၃)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, September 19, 2023 - 13:30