၂၅-၉-၂၀၂၃ ရက်နေ့မှ ၁၀-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂.၉၉၃၀)တန်၊ သစ်မာ (၄၈.၉၅၁၆)တန်၊ အခြား (၁၉.၁၇၀၄)တန်၊ စုစုပေါင်း (၇၁.၁၁၅၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၀-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဆပ်သွားဘိနယ်၊ ဆပ်သွားချောင်းမကြီးဘေး ဒေသ အခေါ် ကျောင်းတောင်ဆိပ်ကမ်းမှ တရားမဝင် တောင်သရက်/ကညင်ခွဲသား (၃၇) ချောင်း (၇.၁၉၈၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, October 4, 2023 - 12:30