၂-၁၀-၂၀၂၃ ရက်နေ့မှ ၈-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၈၅၈၅)တန်၊ သစ်မာ (၁၉.၀၈၈၈)တန်၊ အခြား (၆.၈၀၃၄)တန်၊ စုစုပေါင်း (၅၆.၇၅၀၇)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၀) ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၁၀-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့မ(၃)ဘိနယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာ ကျေးရွာ၊ အမှတ်(၂၀၂၀) လေကြောင်းရန်တပ်သွားလမ်းနှင့် အမြန်လမ်းသို့ ဖောက် လုပ်နေသည့်လမ်းဆုံမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၂၀၄) ချောင်း (၁၀.၇၆၅၀) တန်၊ ယာဉ်(၄)စီး၊ တရားခံ(၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, October 11, 2023 - 19:45