၉-၁၀-၂၀၂၃ ရက်နေ့မှ ၁၅-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၅၂၁၀)တန်၊ သစ်မာ (၆.၂၅၆၀)တန်၊ အခြား (၉.၉၄၆၈)တန်၊ စုစုပေါင်း (၆၉.၇၂၃၈)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၂၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၁၀-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီဘိနယ်၊ မဲဇလီကြိုးဝိုင်း၊အကွက် အမှတ်(၁၀၈၊ ၁၀၉)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၂၄၅)ချောင်း (၂၆.၈၄၃၄) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, October 17, 2023 - 18:15