ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)အတွက် အထိမ်းအမှတ် တံဆိပ် Logo ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)အတွက် အထိမ်းအမှတ် တံဆိပ် Logo ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်ခြင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ် (Mount Popa National Geopark) ဖြစ်မြောက်နိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ်အတွက် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်း ပြိုင်ပွဲဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ဦးတည်ချက်
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်၏ အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းရေး ဆွဲရာတွင် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြစ်သည့် -
- မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးမှသည် ကမ္ဘာ့ အဆင့် UNESCO Global Geopark အထိ အကောင်ထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားရန်၊
- ဘူမိအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်၊ ဘူမိသွင်ပြင်အနေအထားနှင့် ပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန်၊
- အများပြည်သူနှင့် မျိုးဆက်သစ်လူငယ်များအား ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး၊ ပတ်ဝန်းကျင်လေ့လာရေးနှင့် သုတေသနပြုရေးတို့ကို စိတ်ဝင်စားရေးပညာပေးရန်၊
- ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ လူမှုစီးပွားဘဝ မြင့်မားစေရန်၊
- စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်၊
- ဘူမိခရီးသွားလုပ်ငန်း (Geotourism) အား အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်။
ဟူသော ပုပ္ပားတောင်၏ ဖြစ်တည်မှုသမိုင်းကြောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာ များကို နောက်ခံထား၍ ဘူမိဥယျာဉ်များ၏ မူလ ဦးတည်ချက်ဖြစ်သော ထိန်းသိမ်းခြင်း၊ ပညာပေးခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးခြင်း (Conserving, educating and promoting sustainable development) များကို လွယ်ကူစွာ ထင်ဟပ်ပေါ်လွင်စေသော အနုပညာမြောက်သော ခေတ်မီသည့် ဒီဇိုင်းဖြစ်ရမည်။
အရွယ်အစား
ပြိုင်ပွဲဝင် အထိမ်းအမှတ် Logo ဒီဇိုင်းသည် (Mount Popa National Geopark) စာသား အပါအဝင် အလျား ၁၂ လက်မ x အနံ ၁၀ လက်မ အရွယ် ဖြစ်ပြီး တံဆိပ်ခေါင်းအရွယ်အထိ အကျဉ်းချုံးနိုင်သော ဒီဇိုင်းပုံဖြစ်ရမည်။ ပုံများကို ရေးဆွဲရာတွင် နှစ်သက်ရာဆေးနှင့် နည်းစနစ်ကို အသုံးပြုနိုင်ပြီး၊ မိမိကိုယ်ပိုင်စိတ်ကူးနှင့် ကိုယ်တိုင် ရေးဆွဲသော ပုံဖြစ်ရမည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုံတစ်ပုံအား Soft copy [JPEG (Minimum 600 dpi) format] / Hard copy ဖြင့် ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းပုံ၏ နောက်ကျောတွင် အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် အပြည့်အစုံကို ဖော်ပြပါရှိရမည်။
ဆုငွေ
ပြိုင်ပွဲဝင် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းပုံများကို စိစစ်ရွေးချယ်ရေး အဖွဲ့/ကော်မတီက စိစစ်၍ အကောင်းဆုံး ပုံ(၃)ပုံအား ရွေးချယ်ပြီး ချီးမြှင့်မည့် ဆုကြေးငွေအနေဖြင့် ပထမဆု (ကျပ် ၅ သိန်း)၊ ဒုတိယဆု (ကျပ် ၃ သိန်း)၊ တတိယဆု (ကျပ် ၂ သိန်း) အား ချီးမြှင့်မည် ဖြစ်သည်။
ဆက်သွယ်ပေးပို့ရမည့်
လူပုဂ္ဂိုလ်
ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ နောက်ဆုံးထား၍ ရုံးအမှတ်(၃၉)၊ သစ်တော ဦးစီးဌာန၊ ဦးသန့်ဇော်ဦး(ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ်၊ ၀၆၇-၃၄၀၅၃၉၇၊ ၀၆၇-၃၄၀၅၄၃၂၊ ၀၆၇-၃၄၀၅၀၀၂၊ Email လိပ်စာ [email protected] သို့ ပေးပို့ရမည်ဖြစ်ကာ သိရှိလိုသည်များကိုလည်း အထက် ဖော်ပြပါ ဖုန်းသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

date: 
Wednesday, October 18, 2023 - 15:30