၃၀-၁၀-၂၀၂၃ ရက်နေ့မှ ၅-၁၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၂.၇၇၇၂)တန်၊ သစ်မာ (၆၈.၁၂၁၄)တန်၊ အခြား (၃၆.၇၅၃၈)တန်၊ စုစုပေါင်း (၁၃၇.၆၅၂၄)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၁၁-၂၀၂၃ ရက်နေ့၊ ကချင်ပြည် နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်၊ မြောက်ဘက် (၇)ဖာလုံခန့်အကွာ၊ တောစပ်အနီးမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၅၉၂၁) ချောင်း (၆၉.၀၀၂၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, November 7, 2023 - 14:00