AFoCO RETC သင်တန်းကျောင်း၏ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း” (Eco-school Program for Teachers) အစီအစဉ် ကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမ များအား (၂)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ရာ တက္ကသိုလ် ကျောင်းသား/ သူများ အဖြစ် ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)နှင့် နည်းပညာတက္ကသိုလ်(မှော်ဘီ)တို့မှ ကျောင်းသား/သူ (၁၈၀)ဦး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူ (၉၀၀)ဦး၊ ဆရာ/ဆရာမ(၁၈၀)ဦး၊ စုစုပေါင်း(၁၄)ကြိမ်၊ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၆၀)ဦးတို့ အား AFoCO RETC သင်တန်းကျောင်းသို့ ဖိတ်ခေါ်၍ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာမျှဝေခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး အောက်ဖော်ပြပါ ရည်မှန်းချက် (၁၇)ရပ်ကို ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်ပါသည်-
၁. ဆင်းရဲနွမ်းပါးမှု လျော့ချစေခြင်း၊
၂. ငတ်မွတ်ခေါင်းပါးမှု လျော့ချစေခြင်း၊
၃. ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်း၊
၄. ပညာရေး အဆင့်အတန်းမြင့်မားစေခြင်း၊
၅. ကျား/မ တန်းတူအခွင့်အရေး ရရှိစေခြင်း၊
၆. သန့်ရှင်းသောသောက်ရေနှင့် ကျန်းမာစွာနေထိုင်နိုင်စေခြင်း၊
၇. သန့်ရှင်းသော စွမ်းအင်ရရှိရေးနှင့် ထိရောက်တွင်ကျယ်စွာ အသုံးချခြင်း၊
၈. အလုပ်အကိုင် အခွင့်အလမ်း ရရှိစေခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊
၉. စက်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဆန်းသစ်တီထွင်မှု ဆောင်ကြဉ်းပေးခြင်း၊
၁၀. မညီမျှမှုများကို လျော့နည်းစေခြင်း၊
၁၁. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများနှင့် လူမှုအသိုက်အဝန်းများ တည်ဆောက်ခြင်း၊
၁၂. အစားအစာထုတ်လုပ်ခြင်းနှင့် သယံဇာတ အသုံးချမှု စီမံခန့်ခွဲခြင်း၊
၁၃. ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်များ၏ ဆိုးကျိုးများကို တုံ့ပြန်နိုင်စေခြင်း၊
၁၄. ရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊
၁၅. ကုန်းမြေဒေသ ဂေဟစနစ်များနှင့် သက်ရှိသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊
၁၆. ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အဖွဲ့အစည်းများ အားကောင်း ခိုင်မာစေခြင်း၊
၁၇. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ် အောင်မြင်စေခြင်း၊
အထက်ဖော်ပြပါ ရည်မှန်းချက် (၁၇)ချက်ကို အောင်မြင်စွာ ဆောင်ရွက်ရေးအတွက် Eco-School Program အသိပညာမျှဝေခြင်း ခေါင်းစဉ်(၁၁)ချက်နှင့်အညီ မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့် ဆရာ/ဆရာမများသို့ ဦးတည်၍ သင်ကြားရေးကို အထောက်အကူပြုနိုင်စေရန်နှင့် ဆရာ/ ဆရာမများအဆင့် နားလည် လက်ခံနိုင်မည့် အကြောင်းအရာများ၊ ဗီဒီယိုဖိုင်များ ထည့်သွင်း၍ အောက်ဖော်ပြပါ အကြောင်းအရာများအား အလေးထား ဟောပြော ဆွေးနွေးပါသည်-
၁. သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး
၂. စွမ်းအင်ချွေတာရေး
၃. နိုင်ငံသားကောင်းဖြစ်စေရေး
၄. စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရေး
၅. အမိူက်စနစ်တကျစွန့်ပစ်ရေး
၆. စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး
၇. ကမ်ရိုးတန်းဒေသဂေဟစနစ်များ ထိန်းသိမ်းရေး
၈. သယ်ယူပို့ဆောင်ရေး
၉. ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး
၁၀. ရေသယံဇာတစီမံခန့်ခွဲရေး
၁၁. ရာသီဥတုပြောင်းလဲမူနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရေး။
Eco-school အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ RETC သင်တန်းကျောင်းနှင့် လေ့လာရေးသစ်တော၊ FRI စခန်းအမှတ်(၉)ရှိ သစ်တောပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ စုပေါင်း၍ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများနှင့် အပြန်အလှန် ဆွေးနွေး မေးမြန်းချက်များဖြင့် ဆောင်ရွက်ခဲ့ကာ အမှတ်တရလက်ဆောင်အဖြစ် သင်တန်းကျောင်းပုံ ကျောက် မျက်ပန်းချီကားအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ဒေသခံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအနက်မှ “ဇီဝမြေဩဇာပြုလုပ်ခြင်း နည်း ပညာနှင့် ရေရှည်တည်တံ့စေမည့် ဇီဝမြေဩဇာစီမံအုပ်ချုပ်ခြင်းသင်တန်း”ကိုလည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း AFoCO RETC သင်တန်းကျောင်း၌ အောင်မြင်စွာ ဖွင့်လှစ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

