သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေး ရာထူး (၆) နေရာတို့အတွက်လျှောက်လွှာများခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေး ရာထူး (၆) နေရာနှင့် စာရင်းကိုင်(၄) ရာထူး(၇)နေရာတို့အတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန် ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
( ဂ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ် ပယ်ခြင်း (Removal) ၊ အမည်မည်းစာရင်း(Black List)ရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။
(ဃ) ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်၊ (ဘွဲ့လက်မှတ်မူရင်း တင်ပြရမည်)
( င) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်သူဖြစ်ရမည်၊ (အောင်လက်မှတ်မူရင်းတင်ပြရမည်)
( စ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဆ) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှထောက်ခံချက် ပေးအပ် နိုင်သူ ဖြစ်ရမည်၊
( ဇ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.com သို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်နှင့် ကွန်ပျူတာသင်တန်း အောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ မူရင်းများ တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတဘာသာရပ် စစ်ဆေးခြင်း၊ ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ပါအစီ အစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ (ကြာသပတေးနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်း စီ၏ စာမေးပွဲခုံနံပါတ်၊ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက် မည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန Website-www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီးဌာန၏ Website - www.forestdepartment.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်းမေးမြန်း လိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက် သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန