မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန မှ သစ်တောသစ်ပင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို၂၄-၉-၂၀၂၅ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၃၁)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၁၄)ဦး၊ စုစုပေါင်း(၁၅၃)ဦးတက်ရောက်သည်။ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ််၊ သစ်တောဦးစိးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရှောင်ရန်ဆောင်ရန်များ၊ မြန်မာနိုင်ငံ၏ သစ််တောဖုံးလွှမ်းမှု အခြေအနေများ၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရခြင်း အကြောင်းကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်မှ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်းအသီးသီး အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းသား/ကျောင်းသူများမှ နံရံကပ် အသိပညာပေးပိုစတာများအား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

date: 
Wednesday, September 24, 2025 - 15:45