သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၉-၉-၂၀၂၅)ရက်၊ တနင်္လာနေ့ (၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက် ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးအထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/ တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ(၁6)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ ဝန်းကျင်/သားငှက်ဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အင်ကြင်းခိုင်မှ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သော သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအတွက် ရေရှည် တည်တံ့စေသည့် သယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှု အားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆုစန္ဒာအောင်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင်ပြုလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း ရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်မှု အားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှု များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

date: 
Monday, September 29, 2025 - 14:00