ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊စုဝေးခန်းမ၌ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု(ICM)အစီအစဉ်ပထမ(၅)နှစ်စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၃:၀၀)နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ညွှန်ကြားရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမ၌ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု(ICM) အစီအစဉ် ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကိုထားဝယ်သူနာပြုသင်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာမ (၄)ဦး၊ သင်တန်းသား/သူဆရာ/ဆရာမ(၁၈၆)ဦး၊သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းတက်ရောက်သူကျား(၂၂)ဦး၊ မ(၁၇၃)ဦးဖြင့် (၁၉၅)ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဒီရေတောထိန်းသိမ်းရေး၊ဒီရေတောများ၏ အကျိုးကျေးဇူးများ၊ နှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းသား/သင်တန်းသူဆရာ/ဆရာမများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




