၂၀-၁၁-၂၀၂၃ ရက်နေ့မှ ၂၆-၁၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၆၃၉၈)တန်၊ သစ်မာ (၄.၂၁၃၀)တန်၊ အခြား (၁၂.၉၃၆၈)တန်၊ စုစုပေါင်း (၂၂.၇၈၉၆)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၁၁-၂၀၂၃ ရက်နေ့၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၁)ဘိနယ်၊ အင်တော- ကျောက်ဂူသွားလမ်းဘေး၊ ကမ္ဘောဇစိုက်ပျိုးရေးသရက်ခြံအတွင်းမှ တရားမဝင် အင်/ သစ်ယာ သစ်လုံး/စကွဲယားတုံး (၃၁)လုံး/တုံး (၆.၂၀၈၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Wednesday, November 29, 2023 - 13:45