သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူး နေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)နှင့် အငယ်တန်းစာရေး (လစာနှုန်း ကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူးနေရာများအတွက်ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ် ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ ၀၉ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ
၂။ စာရင်းကိုင်(၄)နှင့် အငယ်တန်းစာရေး ရာထူးနေရာများအတွက် လျှောက်ထားသူများ၏ ရေးဖြေ စာမေးပွဲဖြေဆိုရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
(က) စာရင်းကိုင်(၄)
၁ စရက-၁ ဒေါ်နှင်းဝတ်ရည် ၉/ဥတသ(နိုင်)၀၁၂၂၇၇
၂ စရက-၂ ဒေါ်ဆုဇာလွင်ထက် ၉/ဇယသ(နိုင်)၀၁၈၅၅၀
(ခ) အငယ်တန်းစာရေး
၁ ငယ်/ရေး-၁ ဒေါ်ကေခိုင်ဦး ၉/ရမသ(နိုင်)၂၆၂၇၄၆
၂ ငယ်/ရေး-၂ ဒေါ်ပြည့်စုံငြိမ်း ၉/ရမသ(နိုင်)၂၃၇၃၃၂

၃။ စာရင်းကိုင်(၄)နှင့် အငယ်တန်းစာရေး ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ဖြေဆိုမည့်နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ သတင်းပေး ပို့ရန်နှင့် စာမေးပွဲဖြေဆိုမည့်နေ့တွင် နံနက် (၀၈ : ၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ တစ်ဖက် ဖော်ပြပါ စာရွက်စာတမ်း(မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉ : ၃၀) နာရီထက် နောက်ကျ၍ ရောက်ရှိလာသူများနှင့် စာရွက်စာတမ်း(မူရင်း)မတင်ပြနိုင်သူများကို စာမေးပွဲဖြေဆို ခွင့်ပြုမည်မဟုတ်ပါ-
(က) ဘွဲ့လက်မှတ်(မူရင်း)နှင့် ကွန်ပျူတာအခြေခံသင်တန်းအောင်လက်မှတ်(မူရင်း)
( ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)
( ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( င) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
( စ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် ရာတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲအမှတ်အများဆုံးရရှိသူ များကို ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, October 3, 2025 - 09:45