သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ် ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ် ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း တွင် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ ၀၉ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ

၂။ တောကြပ်ရာထူးနေရာများအတွက် လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲဖြေဆိုရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁ တက-၁ ဦးဇင်ယော် ၉/ရမသ(နိုင်)၂၄၈၅၇၇
၂ တက-၂ ဦးအေးချမ်းကို ၉/ဇယသ(နိုင်)၀၁၉၄၃၁
၃ တက-၃ ဦးစန်းထူးအောင် ၉/ပမန(နိုင်)၃၀၆၁၆၈
၄ တက-၄ ဦးကောင်းမြတ်ဇော် ၇/ကဝန(နိုင်)၁၂၉၃၃၇
၅ တက-၅ ဦးကျော်ဇေယျ ၉/ရမသ(နိုင်)၁၈၇၂၈၆
၆ တက-၆ ဦးလှမင်းဦး ၁၁/သတန(နိုင်)၀၉၈၅၁၆
၇ တက-၇ ဦးအေးမင်းစိုး ၁၃/ရငန(နိုင်)၀၈၈၆၂၀
၈ တက-၈ ဦးသီဟ ၉/ဇယသ(နိုင်)၀၂၈၀၀၆
၉ တက-၉ ဦးဌေးလွင်ဦး ၉/ဇယသ(နိုင်)၀၄၀၂၁၁
၁၀ တက-၁၀ ဦးကျော်စုသစ် ၉/ဇဗသ(နိုင်)၀၀၆၈၆၆
၁၁ တက-၁၁ ဦးမိုးသောက်ထွန်း ၁၄/ဟသတ(နိုင်)၃၇၆၈၁၆
၁၂ တက-၁၂ ဦးမျိုးသူရှိန် ၁၂/အစန(နိုင်)၂၆၆၀၅၃
၁၃ တက-၁၃ ဦးသော်ဇင်ဟိန်း ၉/ဇယသ(နိုင်)၀၂၇၀၂၃
၁၄ တက-၁၄ ဦးကောင်းမြတ်စိုး ၁၄/ကကန(နိုင်)၁၉၃၀၁၄

၃။ တောကြပ် ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ဖြေဆိုမည့် နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ သတင်းပေးပို့ရန်နှင့် စာမေးပွဲ ဖြေဆိုမည့်နေ့တွင် နံနက် (၀၈ : ၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက် စာတမ်း(မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉ : ၃၀) နာရီထက်နောက်ကျ၍ ရောက်ရှိ လာသူများနှင့် အောက်ဖော်ပြပါစာရွက်စာတမ်း(မူရင်း)မတင်ပြနိုင်သူများကို စာမေးပွဲဖြေဆိုခွင့်ပြု မည်မဟုတ်ပါ-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်(မူရင်း)
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် ရာတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲအမှတ်အများဆုံးရရှိသူ များကို မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, October 3, 2025 - 09:45