၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောဦးစီးဌာနတွင် စတင်ခန့်ဝန်ထမ်းသစ်များခန့်ထားရန်ရေး‌ဖြေစာမေးပွဲကျင်းပ

(၉-၁၀-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်ခန့်ဝန်ထမ်းသစ်များခန့်ထားနိုင်ရေး ရေး‌ဖြေစာမေးပွဲကိုသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ရေဆင်း၌ ကျင်းပသည်။ စတင်ခန့် ရာထူးများတွက် သုတေသနလက်ထောက်- ၃ (၃) ဦး၊ တောခေါင်း (၁၃) ဦး၊ စာရင်းကိုင်-၄ (၂) ဦး၊ အငယ်တန်းစာရေး (၁) ဦး၊ တောကြပ်(၁၃) ဦး၊ ယာဥ်မောင်းစက်ပြင်-၅ (၃) ဦး၊ လုံခြုံရေး-၅ (၂) ဦး၊ ရုံအကူ/စာပို့ (၁၁) ဦး၊ သန့်ရှင်းရေးအကူ (၇) ဦး၊ အစောင့် (၂) ဦး၊ တိရစ္ဆာန်ထိန်း- ၅ (၅) ဦး စုစုပေါင်း (၆၂) ဦီး သည် စတင်ခန့်ရာထူးအသီးသီးအတွက် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုကြောင်း သတင်းရရှိသည်။

date: 
Thursday, October 9, 2025 - 11:30