၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၃-၁၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆.၀၈၄၈)တန်၊ သစ်မာ (၄.၅၈၃၄)တန်၊ အခြား (၃၁.၅၃၃၄)တန်၊ စုစုပေါင်း (၄၂.၂၀၁၆)တန်၊ ယာဉ်/ ယန္တရား (၁၅)စီး၊ တရားခံ (၈) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၂-၂၀၂၃ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ ပလုံး ဘိနယ်၊ ဥက္ကံကြိုးဝိုင်း၊ အကွက်အမှတ်(၅၈)၊ တဘူးလှဆည်အတွင်းမှ တရားမဝင် ဒီဒူး/ ဂွေး/ မှိုက်/ သဒီ/ သံသေ/ မြောက်ငို/ ပျဉ်းမ/ သစ်ပုတ်/ နဘဲ/ ဖန်ခါး/ ဘင်္ဂ/ သပြေ သစ်လုံး/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း(၄၈)လုံး (၉.၉၃၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, December 6, 2023 - 12:15