သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)နှင့် အငယ်တန်းစာရေး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)၊ အငယ်တန်းစာရေး (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများနှင့်အညီ အထွေထွေဗဟုသုတဘာသာရပ်ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက် နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများ အနက် ပူးတွဲ PDF file ပါ အောင်မြင်သူများအား ၁၃-၁၀-၂၀၂၅ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ : ၀၀)နာရီ အချိန် မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုစစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
၂။ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်း ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲ‌ရေးဌာနသို့ နံနက် (၀၉:၃၀) နာရီအရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ) ဘွဲ့လက်မှတ်(မူရင်း)နှင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်း)
( ဂ) ကွန်ပျူတာအခြေခံသင်တန်းအောင်လက်မှတ်(မူရင်း)
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

date: 
Friday, October 10, 2025 - 19:00