သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် ပူးတွဲ PDF file ပါ အောင်မြင်သူများအား ၁၃-၁၀-၂၀၂၅ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ : ၀၀)နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်းနှင့် ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
၂။ လူတွေ့စစ်ဆေးခြင်းနှင့် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်း ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ နံနက် (၀၉ : ၃၀) နာရီ အရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ) အခြေခံပညာအလယ်တန်းအောင်လက်မှတ် (မူရင်း)
( ဂ) ယာဉ်မောင်းလိုင်စင်(မူရင်း)
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
