သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူရာထူး နေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူ (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀ - ၁၅၄၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄)ဦးအား ၁၃-၁၀-၂၀၂၅ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည် ဖြစ် ပါသည်-
၂။ လူတွေ့စစ်ဆေးခြင်း ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ နံနက် (၀၉ : ၃၀) နာရီအရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာ သူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ) အခြေခံပညာမူလတန်းအောင်လက်မှတ် (မူရင်း)
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
