သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးရုံးတွင် လစ်လပ်လျက်ရှိသော တိရစ္ဆာန်ထိန်း(၅) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တိရစ္ဆာန်ထိန်း(၅) (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀ -၁၇၂၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄) ဦးအား ၁၃-၁၀-၂၀၂၅ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည် ဖြစ် ပါသည်-
၂။ လူတွေ့စစ်ဆေးခြင်း ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲသို့ နံနက် (၀၉ : ၃၀) နာရီ အရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ) အခြေခံပညာမူလတန်းအဆင့်အောင်လက်မှတ် (မူရင်း)
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

date: 
Friday, October 10, 2025 - 19:15