သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သစ်တောသုတေသနဌာနခွဲတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သစ်တောသုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော သုတေသနလက် ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ ရေးဖြေစစ်ဆေးခြင်းကျင်းပမည့်အစီအစဉ်နှင့် ဖြေဆိုခွင့်ရရှိသူများ ၏ ခုံအမှတ်များအား ပူးတွဲပါ PDF file တွင် ကြည့်ရှုနိုင်ပါရန် ကြေညာအပ်ပါသည်။

date: 
Thursday, October 16, 2025 - 10:30