တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အ.ထ.က (၁)၊ အင်္ဂမော်ကျောင်း၌ ဒီရေတော ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၆.၁၀.၂၀၂၅ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်၌ အ.ထ.က (၁)၊ အင်္ဂမော်ကျောင်းတွင် “ဒီရေတောထိန်းသိမ်း ရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဒီရေတောထိန်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ ဒီရေတောသစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများအား ဦးစီးအရာရှိဦးဝေယံမြင့်ချိုမှဟောပြောပြီး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည် ထောင်ခြင်းလုပ်ငန်းစဉ်များအား တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှလည်းကောင်း ဟောပြောခဲ့ ပြီး၊ ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းအား ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ ပြန်လည်ဖြေကြားပြီး ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အင်္ဂမော်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၁)ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသူများအား သစ်တောဦးစီးဌာန ဝန်ထမ်း များက ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိသည်။


