တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အ.ထ.ကစာသင် ကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ (16.10.2025) ရက်နေ့၊ နံနက်(09:00)နာရီအချိန်၌ ကလိန်အောင်မြို့၊ အ.ထ.က စာသင်ကျောင်း တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ တောအုပ် ဦးထက်လင်းဦးမှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုး မြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီး အန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီ ဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်းနည်းစနစ်များအား ဟောပြောခဲ့၍ ဇင်းဘာ အုပ်ချုပ်ရေးမှူး၊ အ.ထ.က စာသင်ကျောင်းမှ ဆရာ /ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၉)ဦး၊ စုစုပေါင်း တက်ရောက်သူ ကျား (၇၁)ဦး၊ မ (၇၄)ဦးဖြင့် (၁၄၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား ပြန်လည်ဖြေကြားခြင်း၊ ဟောပြောပွဲတွင် တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ သည်။

date: 
Thursday, October 16, 2025 - 15:00