သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း
သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၂)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီ အချိန် မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁ သုလ/ထ-၁ ဒေါ်ကေကေ ၉/တသန(နိုင်)၂၃၂၁၀၀
၂ သုလ/ထ-၂ ဒေါ်အိထက်စံ ၈/ပခက(နိုင်)၂၉၁၄၉၁
၂။ လူတွေ့စစ်ဆေးခြင်း ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ နံနက် (၀၈ : ၃၀) နာရီအရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာ သူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ) မဟာသိပ္ပံဘွဲ့လက်မှတ်နှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် (မူရင်း)
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန
