သစ်တောဦးစီးဌာနမှ ပြည်ပနိုင်ငံခြားတွင် မဟာသိပ္ပံဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်း၊ ကာလရှည်သင်တန်း တက်ရောက်လျက်ရှိသည့် ပညာသင်များနှင့် (Online)တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကျင်းပခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊အစည်းအဝေးခန်းမ၌ (၂၁-၁၀-၂၀၂၅) ရက် နံနက် ၉း၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေး နှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ ဦးဆောင်၍ ပြည်ပနိုင်ငံခြားတွင် မဟာသိပ္ပံဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်း၊ ကာလရှည် သင်တန်း တက်ရောက်လျက်ရှိသည့် ပညာသင်များအား (Online)မှတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် ကျင်းပဆောင်ရွက်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တက်ရောက်သူ (၁၀) ဦး၊ပြည်ပနိုင်ငံခြား ပညာသင် (၂၅) ဦး၊ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ပါရဂူဘွဲ့ သင်တန်းတက်ရောက်သူ (၁) ဦး စုစုပေါင်း (၃၆) ဦး တက်ရောက်သည်။ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်က ပြည်ပနိုင်ငံခြား ပညာသင်များအား ခွင့်ပြု ပညာသင်ကာလအတွင်း သတ်မှတ်ဘွဲ့များ အောင်မြင်စွာရရှိရေး ဆောင်ရွက်ရန်၊ ပညာသင် ကာလပြီးစီးပါက ဌာနတွင် ပြန်လည်ထမ်းဆောင်ရန်နှင့် သင်ယူခဲ့သည့် ပညာရပ်များနှင့် ပတ်သက်၍ မိမိဌာနနှင့် နိုင်ငံတော််အတွက် ပြန်လည်အသုံးချနိုင်စေရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ပညာသင်ကြားနေစဉ်ကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သုံးလပတ် အစီရင်ခံစာများတွင် အချိန်မီ တင်ပြသွားနိုင်ရေး မှာကြားဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့််စီမံကိန်း)နှင့် လေ့ကျင့်ရေးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးတို့မှ နိုင်ငံခြားပညာသင်များ လိုက်နာ ဆောင် ရွက်ရမည့် နိုင်ငံခြားပညာသင်ဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များ လမ်းညွှန် မှာကြားခြင်း အား ဆောင်ရွက်ခဲ့သည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ အမေရိကန်၊ ဖင်လန်၊ စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ရိုမေးနီးယား၊ အီတလီ၊ ပေါ်တူဂီ၊ တူရကီ၊ ဂျာမနီ၊ နယူးဇီလန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံပေါင်း (၁၄) နိုင်ငံတွင် တက် ရောက်ပညာသင်ကြားလျက်ရှိသည့် မဟာသိပ္ပံ ဘွဲ့သင်တန်း (၁၁) ဦး၊ ပါရဂူဘွဲ့သင်တန်း (၁၃) ဦး နှင့် ကာလရှည် Fellowship သင်တန်း (၁) ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

date: 
Wednesday, October 22, 2025 - 15:15