သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူးနေရာများတွင် ခန့်ထားရန်အတွက် မိုင်(၂၀)လမ်းလျှောက်ခြင်းစစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူးနေရာများတွင် ခန့်ထားရန်အတွက် မိုင်(၂၀)လမ်းလျှောက်ခြင်းစစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို 23-12-2023 ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင်ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄) ဦးကို 31-12-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၀5:၀0) နာရီမှစ၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်း (ကျန်းမာကြံ့ခိုင်မှု စစ်ဆေးခြင်း) ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှတ်ချက်
၁ တ/က-၁ ဦးကျော်ငြိမ်းချမ်း ၉/ဇဗသ(နိုင်)၀၀၄၈၈၂
၂ တ/က-၂ ဦးမင်းမင်းအောင် ၉/ဇဗသ(နိုင်)၀၁၀၄၀၀
၃ တ/က-၃ ဦးချစ်ဆန်းဦး ၉/ဇယသ(နိုင်)၀၁၃၃၁၄
၄ တ/က-၄ ဦးဟိန်းသန့်ညို ၉/မတရ(နိုင်)၂၀၆၈၀၆
၂။ မိုင်(၂၀)လမ်းလျှောက်မည့်သူများအနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ နံနက်(၀၄:၃၀)နာရီအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း ယူဆောင်၍ သတင်းပေးပို့ရမည်ဖြစ်ပြီး လမ်းလျှောက်ခြင်းစတင်မည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိ လာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ လမ်းလျှောက်ရာတွင် တပ်ဆင်ရမည့် ကျောနံပါတ်များ ကို ၂၉-၁၂-၂၀၂၃ ရက်နေ့၊ ရုံးချိန်အတွင်း သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (ရုံး အမှတ်-၃၉)၊ စီမံခန့်ခွဲရေးဌာနသို့ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန

date: 
Thursday, December 28, 2023 - 10:30