မြန်အောင်မြို့နယ်စ်တောဦးစီးဌာနမှသပြေကုန်းကျေးရွာတွင်သစ်တောသစ်ပင်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့်တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၇-၁၀-၂၀၂၅)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ တောအုပ်ကြီး ဦး‌နိုင်ဝင်းနှင့် တောအုပ် ဦးအောင်သူ တို့မှ *သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊ တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ* ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးနိုင်ဝင်း က *သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး* ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ဦးအောင်သူ က *တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး* ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (သပြေကုန်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ(၉)ဦး၊ ဆရာမ (၄၂)ဦး၊ ကျောင်းသား‌(၁၁၆)ဦး၊ ကျောင်းသူ(၁၃၇)ဦး၊ သ‌ပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သပြေကုန်းကျေးရွာမှ ဒေသခံ ရပ်မိရပ်ဖ ကျား(၃၀)ဦး၊ သစ်တောဝန်ထမ်း (၃)ဦး စုစုပေါင်း(၃၃၉)ဦး (ကျား(၁၅၉)ဦးနှင့် မ(၁၈၀)ဦး) တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, October 27, 2025 - 15:00