မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နှင့် ဒီရေတောထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲက
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နှင့် ဒီရေတောထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ(၂၇)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၉) ဦး၊ ဆရာမ (၄) ဦး၊ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ (၁၀၄) ဦး စုစုပေါင်း ကျား (၇၂) ဦး၊ မ (၁၀၈) ဦး၊ ပေါင်း(၁၈၀)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဟိန်းထက်မှ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ် တောများပျက်စီးပြုန်းတီးရသည့်အကြောင်းအရင်းများ၊ တောမီးလောင်မှု ကြောင့်ဖြစ်ပေါ်ဆိုင်သော ဆိုးကျိုးများ၊ တောမီးရှို့ခြင်း ဆောင်ရွက်စေရေးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှင့် မီးခိုးမြူငွေ့လျော့ချနိုင်ရေးဆိုင်ရာအသိပညာပေးပြောကြားခဲ့ပြီးနောက် တောအုပ်ကြီး ဦးဇင်ကိုလတ်မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများနှင့် ဂေဟစနစ်များ၊ ဒီရေတောများ၏ ထူးခြားသော သဘာဝများ၊ ကမ္ဘာနှင့်အရှေ့တောင်အာရှနိုင်ငံများရှိ ဒီရေတောများပေါက်ရောက်မှုအခြေအနေ၊ မြန်မာနိုင်ငံရှိ ဒီရေတောအမျိုးအစားနှင့် ဒီရေတောမျိုးစိတ်များ၊ ဒီရေတောဂေဟစနစ်၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ ဒီရေတောများပျက်ဆီးရသည့်အကြောင်းအရင်းများနှင့် ဒီရေတောများအား ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ စသည်ဖြင့် ပညာပေးပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။


