သစ်တောဦးစီးဌာန တောခေါင်း၊ တောကြပ်ရာထူးနေရာများအတွက် ကျန်းမာရေးကြံ့ခိုင်မှု မိုင် (၂၀) လမ်းလျှောက်စစ်ဆေးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး တက်ရောက်ဖွင့်လှစ်အားပေး

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော တောခေါင်း၊ တောကြပ် ရာထူးနေရာများအတွက် ၃၀-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေး ကြံ့ခိုင်မှု မိုင် (၂၀) လမ်းလျှောက်စစ်ဆေးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် သယံဇာတရေးရာ အောက်ရှိဌာနများ၏ တိုင်းဒေသကြီးတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ၀၇း၀၀ နာရီအချိန်တွင် သယံဇာတရေးရာဝန်ကြီးက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ဖွင့်လှစ်ပေးခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း လစ်လပ်လျှက်ရှိသော တောခေါင်း၊ တောကြပ်၊ စာရင်းကိုင်-၄/ အငယ်တန်းစာရေး၊ ရုံးအကူ/စာပို့၊ ယာဥ်မောင်းစက်ပြင်-၅ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းကို ၂၉-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပုသိမ်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါရာထူးနေရာများအတွက် လျှောက်ထားသူ (၅၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ ကြပြီး တောခေါင်း၊ တောကြပ်ရာထူးနေရာများအတွက် ၃၀-၁၂-၂၀၂၃ ရက်နေ့ ၀၇း၀၀ နာရီအချိန် တွင် မန္တလေးနန်းမြို့ရိုးနှင့် ကျုံးအကြားရှိ ရတနာပုံဥယျာဥ်ပတ်လမ်း၌ တောခေါင်း၊ တောကြပ် ၃၀ ဦး အား မိုင် (၂၀) လမ်းလျှောက်ခြင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

date: 
Saturday, December 30, 2023 - 17:00