သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ တောခေါင်း၊ တောကြပ် ရာထူးနေရာများအတွက် ကျန်းမာရေး ကြံ့ခိုင်မှု မိုင် ၂၀ လမ်းလျှောက်စစ်ဆေးခြင်း အခမ်းအနားကို စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစောဗဟိဏ်း တက်ရောက်ဖွင့်လှစ်အားပေး

သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် လစ်လပ်လျှက်ရှိသော တောခေါင်း၊တောကြပ် ရာထူးနေရာ များအတွက် ၃၁.၁၂.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေးကြံ့ခိုင်မှု မိုင် ၂၀ လမ်း လျှောက်စစ်ဆေးခြင်း အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ နံနက် ၀၅;၀၀ နာရီတွင်ကျင်းပရာ သစ်တောဦးစီးရုံးချုပ်၊ စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစောဗဟိဏ်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင် တို့တက်ရောက်၍ သေနတ်ပစ်ဖောက်ကာစတင်တာလွှတ်ပေးခဲ့ပါသည်။
လစ်လပ်တောခေါင်းနေရာအား ကျန်းမာရေးကြံ့ခိုင်မှု မိုင် ၂၀ လမ်းလျှောက်သူ ၁၂ ဦး နှင့် တောကြပ် ၄ ဦး စုစုပေါင်း ၁၆ ဦးတို့ သည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် မိုင် ၂၀ လမ်းလျှောက်ခြင်း စစ်ဆေးမှုဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

date: 
Sunday, December 31, 2023 - 11:30