၂၀-၁၀-၂၀၂၅ ရက်နေ့မှ ၂၆-၁၀-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၉.၆၇၀၂)တန်၊ သစ်မာ (၀.၇၅၀၀)တန်၊ အခြား (၁၈.၄၂၆၆)တန်၊ စုစုပေါင်း (၄၈.၈၄၆၈)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဘိနယ်၊ ရဲမွန် ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၁/၆) နှင့် (၁၁/၇)ကြား နေရာမှ တရားမဝင် ကျွန်းသစ်လုံး (၄၄)လုံး (၁၇.၇၇၂၀)တန်၊ (၂၂)ဘီးယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Wednesday, October 29, 2025 - 11:30
