ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြိုနယ်၊ လွိင်လုံကျေးရွာအုပ်စု၌ “ဟွေဟုတ်ကြိုးဝိုင်းတော” ဖွဲ့စည်းနိုင်ရန်အတွက် ကြေးတိုင်ပုံစံ(၁) ထုတ်ပြန်ကြေညာထားမှုအား ဒေသခံပြည်သူများ အသိပေးရှင်းလင်းပွဲကျင်းပ

ရှမ်း​​ပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ လွိုင်လုံကျေးရွာအုပ်စု၊ ပန်တဝိကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်၌ ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ(၁)ထုတ်ပြန်ကြေငြာထားရှိမှုကို ဒေသခံပြည်သူများ ကျာ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အောက်တိုဘာလ ၁၈ နေ့လယ်ပိုင်းတွင် အသိပညာပေးရှင်းလင်းပွဲကျင်းပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ကြေးတိုင်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ (၁)ပါ တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်းသတ်မှတ်ချက်များကို မြေပုံနှငိ့တကွ အသေးစိတ်ရှင်းလင်းပြီး ကြိုးဝိုင်းဖွဲ့စည်းရခြင်း၏ အကျိုးကျေးဇူးများနှင့် ​ဒေသခံပြည်သူများလိုက်နာရမည့်အချက်အလက်များကို ေဆွးနွေးပြောကြားပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဟွေဟုတ်ကြိုးဝိုင်းတော၏ တည်နေရာပြမြေပုံနှင့် မြေအသုံးချမှုမြေပုံတို့ကို လွိုင်လုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ကို ​ဒေသခံပြည်သူများ၏ ရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, October 29, 2025 - 21:00