ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ချယ်ရီရိပ်သာရှင်းလင်းဆောင်၌ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲအား ကျင်းပ

(၂၉.၁၀.၂၀၂၅) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ချယ်ရီရိပ်သာရှင်းလင်းဆောင် ၌ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ ကျား (၆၆)ဦး၊ မ(၁၆) ဦး၊ သစ်တောဝန်ထမ်း (၁၇)ဦး စုစုပေါင်း (၉၉) ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ဒုတိယညွှန်ကြားရေမှူး ဦးစိုးမိုးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ သစ်တောဖုံးလွှမ်းမှု အခြေအနေများ၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးအတွက် သစ်တောဉပဒေဆိုင်ရာ ပြဌာန်း ချက်များကို လေးစားလိုက်နာစေရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, October 30, 2025 - 18:30