၂၇-၁၀-၂၀၂၅ ရက်နေ့မှ ၂-၁၁-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၆.၇၈၆၅)တန်၊ သစ်မာ (၉.၄၃၆၂)တန်၊ အခြား (၅၆.၀၄၀၇)တန်၊ စုစုပေါင်း (၈၂.၂၆၃၄)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မဘိနယ်၊ ပြည်-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၇၄/၇)အနီးရှိ ဆင်မကြပ်စစ်ဆေးရေးဂိတ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/သစ်စေး/အင်/ကညင်/ထောက်ကြံ့ ခွဲသား (၃၄၂၆)ချောင်း (၂၇.၂၀၃၆) တန်၊ (၁၂)ဘီးယာဉ် (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, November 6, 2025 - 11:45