စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၆-၁၁-၂၀၂၅)ရက်နေ့ (၁၀း၀၀)နာရီတွင်၊ မုံရွာမြို့ အ.ထ.က(၁)အလုံကျောင်းခန်းမ၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" အသိပညာပေးဟောပြောပွဲ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်းက "တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကို-၃ က " သစ်တောထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း power point များဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား/သူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး၊ မေးခွန်းမေးမြန်းသည့် ကျောင်းသား/သူများအား ဗလာစာအုပ်၊ဘောပင် တို့အား ဂုဏ်ပြုပေးအပ်ခြင်း၊ တက်ရောက်လာသည့် ကျောင်းသား/သူများအား ဗလာစာအုပ်၊ ဘောပင်တို့အား အမှတ်တရပေးအပ်ခဲဲ့ပါကြောင်းနှင့် သစ်တောဦးစီးဌာန၊ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမုံ စာအုပ်များအား အ.ထ.က( ၁) အလုံကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှုဒါန်းခဲ့ပါကြောင်း၊ ဟောပြောပွဲသို့ အ.ထ.က( ၁)အလုံ ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၁၆၅)ဦး (ကျား-၈၀ ဦး၊ မ-၈၅ ဦး)တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိသည်။

date: 
Friday, November 7, 2025 - 11:30