လွိုင်ကော်မြို့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” (ခရိုင်အဆင့်)ကျင်းပ
သဘာဝတောများ၊ တည်ထောင်ပြီးစိုက်ခင်းများ၌ တောမီးလောင်ကျွမ်းမှုလျှော့ချနိုင်ရေး နှင့် မီးခိုးမြူငွေ့များဖြစ်ပွားမှုလျှော့ချနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်ဖြင့် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” (ခရိုင်အဆင့်)ကို အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်း၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများမှ (၇.၁၁.၂၀၂၅)ရက်နေ့၊နံနက်(၉)နာရီအချိန်၌ တက်ရောက်သူ ဆရာ၊ဆရာမ၊ ကျောင်းသား/သူအင်အား(၁၇၀)ဦးအား သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းစာကြည့်တိုက်အသုံးပြုရန် လစဉ်ထုတ် သစ်တောကြေးမုံများ လှူဒါန်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


