မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား အ.ထ.က(၉)၊မော်လမြိုင်မြို့တွင်ကျင်းပ

မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ(၇.၁၁.၂၀၂၅)ရက်၊ သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား အ.ထ.က(၉)၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားတွင် မွန်ပြည်နယ်၊ သစ်တောဦးစီဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်း-၂ မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအကြောင်းအရာများအားဟောပြောပို့ချခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင် လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် Video Clip အား ပြသခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ အ.ထ.က(၉)၊ မော်လမြိုင်မှဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကျား(၁၂၉)ဦး၊ မ(၁၄၁)ဦး၊ စုစုပေါင်း(၂၇၀)ဦးတက်ရောက်ကြပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသုံး ပစ္စည်းများ လှူဒါန်းခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, November 7, 2025 - 14:15