ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ မြစ်ကြီးနားမြို့ ၊အ.ထ.က(၃) အခြေခံပညာအထက်တန်းကျောင်းတွင်သစ်တောထိန်းသိမ်းရေး ၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှာ့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
အခြေခံပညာအထက်တန်းကျောင်းတွင် ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းခြင်းအကြာင်း၊ တောမီးအန္တရာယ် အသိပညာရရှိစေရေး ၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည့်စိတ် ရှင်သန်စေရေး ရည်ရွယ်၍ " သစ်တောထိန်းသိမ်းရေး ၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှာ့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " (ပြည်နယ်အဆင့်)ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ ( ၅) ဦး၊ ကျောင်းသား(၁၂၅)ဦး၊ ကျောင်းသူ ( ၁၃၅)ဦး ၊သစ်တောဝန်ထမ်း(၁၂) ဦး စုစုပေါင်း ( ၂၇၇ )ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ကချင်ပြည်နယ်် ညွှန်ကြားရေးမှူးရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးဟောင်းလွမ်းက တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးအကြောင်းကို လည်းကောင်း ၊ မြစ်ကြီးနားမြို့နယ် ဦးစီးအရာရှိ ဦးစိုးထိုက်မှ သစ်တောပြုစုထိန်းသိမ်းရေးအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း ၊ အချိုရည်ဘူးများ ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



