ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြုငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(တိုင်းဒေသကြီးအဆင့်)ကိုဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြုငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (တိုင်းဒေသကြီးအဆင့်) ကို (၇.၁၁.၂၀၂၅) ရက်နေ့ (၁၀၀၀)နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ ဒဂုံတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒဂုံတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း က အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထင် က သစ်တော သစ်ပင်များက သက်ရှိလောက တည်မြဲရေး အတွက် ပံ့ပိုးထောက်ပံ့ပေးနေမှုများ၊ တောမီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့် သက်ရောက်မှုများ၊ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများ မှ သိရှိလိုသည်များ မေးမြန်း မှုကို ပြန်လည်ဖြေကြားပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား (၂၀၉)ဦး (ကျား = ၃၁ဦး၊ မ = ၁၇၈ဦး) တို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, November 7, 2025 - 16:00