မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(ခရိုင်အဆင့်)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၈-၁၁-၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ကျောက်ဆည်မြို့၊ ကံကောင်းခြင်းရတနာထုတ်လုပ်မှုကုမ္ပဏီလီမိတက် ဓမ္မာရုံ၌ “သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်)” ကျင်းပရာ ဘယ်လင်းကျေးရွာ၊ တောင်ရင်းကျေးရွာ၊ တောင်ဦးကျေးရွာ၊ နဘဲပင်ကျေးရွာ၊ မင်းရဲကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ ကျောက်မှိုင်းကျေးရွာ နှင့် ရှမ်းကန်ကျေးရွာတို့မှ ကျေးရွာသူ/ကျေးရွာသားများ (၁၁၅)ဦး တက်ရောက်ပါသည်။ အခမ်းအနားတွင် ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး - ဦးမောင်မောင်အေး-၃ က သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်းအကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တော ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပညာဗဟုသုတများနှင့် ပွင့်လင်းရာသီသို့ရောက်ပြီဖြစ်၍ ကျေးရွာနှင့် ကျေးရွာပတ်ဝန်းကျင် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများ နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားအား (၁၄:၃၀)နာရီတွင် ရုပ်သိမ်းကြောင်းသတင်းရရှိသည်။

date: 
Saturday, November 8, 2025 - 16:15