သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျှက်ရှိသော စတင်ခန့်ဝင်ပေါက် ရာထူးများအတွက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးမည့် အစီအစဉ်များကြေငြာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျှက်ရှိသော စတင်ခန့်ဝင်ပေါက်ရာထူးများတွင် ဝန်ထမ်းသစ်များခန့်ထားရန် ရေးဖြေစာမေးပွဲအား ၂၃.၁၂.၂၀၂၃ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ရေးဖြေစာမေးပွဲများဆောင်ရွက်ပြီးဖြစ်ပါ၍ အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်-

ရာထူးအမျိုးအစား လစာနှုန်း (လူတွေ့/ကျွမ်းကျင်မှုစစ်ဆေးမည့်နေရက်)

၁။ တောခေါင်း ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၁.၁.၂၀၂၄

၂။ စာရင်းကိုင်(၄) ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၀.၁.၂၀၂၄

၃။ ပုံစွဲ(၄) ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၀.၁.၂၀၂၄

၄။ တောကြပ် ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄

၅။ ယာဉ်မောင်းစက်ပြင်(၅) ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄

၆။ လုံခြုံရေး(၅) ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄

၇။ ရုံးအကူ/စာပို့ ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၀.၁.၂၀၂၄

၈။ အစောင့် ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၁.၁.၂၀၂၄

၉။ သန့်ရှင်းရေးအကူ ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၀.၁.၂၀၂၄

date: 
Tuesday, January 9, 2024 - 13:15