စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ ခန္တီးမြို့နယ်၊သာယာကုန်းကျေးရွာ အလက(ခွဲ)စာသင်ကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ(၆.၁၁.၂၀၂၅)ရက်၊ ကြာသပတေးနေ့ (၁၀း၀၀)နာရီအချိန်တွင် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား ခန္တီးမြို့နယ်၊သာယာကုန်းကျေးရွာ အလက(ခွဲ)စာသင်ကျောင်းတွင်ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ခန္တီးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးဝင်းမောင်မှသစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဟောပြောခြင်း၊တောအုပ်ဦးဝင်းခိုင်မှတောမီးထိန်းချုပ်ရေးဆိုင်ရာများဟောပြောခြင်းနှင့်ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးတင့်လွင်ထွန်းမှ မီးခိုးမြူငွေ့လျှော့ချရေ းအစီအစဥ်များအား ဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ သာယာကုန်းကျေးရွာ အလက (ခွဲ)မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကျား(၅၂)ဦး၊ မ(၅၈)ဦး၊ စုစုပေါင်း(၁၁၀)ဦးတက်ရောက်ကြပြီး ဟောပြောပွဲအပြီးတွင် လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ကျောင်းသုံး ပစ္စည်းများ လှူဒါန်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Saturday, November 8, 2025 - 16:15