မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ မင်းဘူးမြို့၊ အ.ထ.က(၁)ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်)ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ (၈.၁၁.၂၀၂၅) ရက်နေ့တွင် မင်းဘူးမြို့၊ အ.ထ.က(၁)ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်) ခရိုင်/မြို့နယ် ဝန်ထမ်းအင်အား(၁၀)ဦး၊ ကျောင်းအုပ် ဆရာကြီး နှင့် ဆရာ/ဆရာမအင်အား(၁၁)ဦး၊ ကျောင်းသား/သူအင်အား(၁၅၁)ဦး၊စုစုပေါင်း(၁၇၂)ဦး ဖြင့်ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပြီး မင်းဘူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုဆွေးနွေးပြောကြား ပြီး၊ သစ်တောထိန်းသိမ်း ရေးဟောပြောပွဲကို မင်းဘူးမြို့နယ်၊ ဦးစီးဌာနမှူး မှ ဟောပြောဆွေးနွေး ခဲ့ပါသည်။ ကျောင်းသား/သူ များကို အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးအပ်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Saturday, November 8, 2025 - 19:30