ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ်ခရိုင်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်"သစ်တောထိန်းသိမ်းရေး.တောမီးကာကွယ်ရေး.မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ "ကျင်းပပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံ-မိုင်းဆတ်ခရိုင် ၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၈-၁၀-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီအချိန် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် "သစ်တောထိန်းသိမ်းရေး.တောမီးကာကွယ်ရေး.မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ကျိုင်းတုံ-မိုင်းဆတ်ခရိုင် ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကသစ်တောထိန်းသိမ်းရေး.တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများဟောပြောပို့ချခဲ့ပြီး (၁၄:၀၀) နာရီချိန်တွင် အခမ်းအနားကျင်းပပြီးစီးခဲ့ပါသည်.ဆရာ/ဆရာမ(၁၀)ဦးနှင့် ကျောင်းသား(၁၁၀)ဦး .ကျောင်းသူ(၁၄၀)ဦး စုစုပေါင်း (၂၆၀) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်၊၊

date:
Saturday, November 8, 2025 - 21:00
