မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာအသိပညာပေးဟောပြောပွဲ(ခရိုင်အဆင့်)ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၉.၁၁.၂၀၂၅) ရက်နေ့တွင် သရက်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်) ခရိုင်/မြို့နယ် ဝန်ထမ်းအင်အား(၈)ဦး၊ ကျောင်းအုပ် ဆရာကြီး နှင့် ဆရာ/ဆရာမအင်အား(၁၄)ဦး၊ ကျောင်းသား/သူအင်အား(၅၀)ဦး၊စုစုပေါင်း(၇၂)ဦး ဖြင့်ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပြီး သရက်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုဆွေးနွေးပြောကြားခဲ့ပါကြောင်းသတင်းရရှိသည်။



date:
Monday, November 10, 2025 - 10:15
