တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင် ၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၉-၁၁-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီအချိန် တာချီလိတ်မြို့နယ်၊ မယ်လိတ်ပါကော်ကျေးရွာ၊ ရွှေရတုဂျူဗီလီအောက်မေ့ဖွယ်ခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းကတောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း တာချီလိတ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရန်လင်းမောင်မောင်ဦးက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများကိုလည်းကောင်း ဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာချီလိတ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ တောမီးကာကွယ်ရေးနှင့် ငြိမ်းသတ်ရေးယာဉ်ဖြင့် လက်တွေ့စမ်းသပ်သရုပ်ပြသခဲ့ရာ(၁၄:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲတွင်ကျေးရွာသူ(၆၅)ဦး၊ ကျေးရွာသား (၅၁)ဦး၊ စုစုပေါင်း (၁၁၆) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။




