(၇၆) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသ
(၇၆) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် မနောပွဲတော်ကို (၉-၁-၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်(၄)ဦး၊ ပြည်ထောင်စုဝန်ကြီး(၁၀)ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ (၇၆) ကြိမ်မြောက် ကချင် ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပြခန်း (၁၇)ခန်းနှင့် ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ပစ္စည်းများပြခန်းများ ဖွင့်လှစ်ပြသထားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/1_88.jpg?itok=ngtRTjqG)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/3_56.jpg?itok=mS2UYWvk)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/4_37.jpg?itok=4lnSYRoN)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/5_25.jpg?itok=98VyXNJe)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/6_11.jpg?itok=w4ZC_1Q_)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/7_8.jpg?itok=VHtju8Sz)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/8_4.jpg?itok=UJbQDCTG)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/9_2.jpg?itok=PSg5jiSy)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/10_5.jpg?itok=ZzKPQ7o2)