ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊သာယာဝတီခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်၌ သုံးဆယ်၊ အခြေခံပညအထက်တန်း ကျောင်း၊ သာယာဝတီမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၉)ဦး၊ ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ (၁၃၅)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၂၇၁)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ချိုချိုဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနိုင်မှ သစ်တောထိန်းသိမ်းရေးနှင့် သစ်တောများ ၏ ကောင်းကျိုးများအကြောင်းအရာဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဦးစီးအရာရှိဦးကျော်မိုး မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက် လာသူများမှ သိရှိလိုသည်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ ကျောင်းစာကြည့်တိုက်သို့ သာယာဝတီခရိုင်သစ်တောဦးစီးဌာနမှသစ်တော‌ေကြးမုံဂျာနယ် (၄၀)အုပ်ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, November 11, 2025 - 19:30