ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ေတာင်ကြီးခရိုင် ၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၁၁-၁၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်ထိတောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်အခြေခံပညာအထက်တန်းကျောင်း၊ အေးသာသာစက်မှုဇုန်ခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်း က "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူကျောင်းသား/သူများအား လေထုညစ်ညမ်းမှု၊ မီးခိုးမြူငွေ့အန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုများအပေါ် သစ်တောများ၏ အခန်းကဏ္ဟကို မေးမြန်းခဲ့ပြီး၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများကို အမှတ်တရ ပြန်လည်ပေးအပ်ခဲ့ပြီး နံနက်(၁၀:၃၀) နာရီချိန်တွင် ခရိုင်အဆင့်အသိပညာပေး ဟောပြေပွဲပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ဆရာ/ဆရာမ(၉)ဦး၊ကျောင်းသား/သူ(၁၆၁)ဦး၊ အေးသာယာစက်မှုဇုန် ရပ်မိရပ်ဖ(၅)ဦး၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌပါ (၁၀)ဦး နှင့်သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့နယ်မှ ဦးစီးအရာရှိပါသစ်တောဝန်ထမ်း (၁၁)ဦးနှင့် ခရိုင်သစ်တောဝန်ထမ်း ADပါ (၃)ဦးစုစုပေါင်း (၁၉၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

