ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ အခြေခံပညာအထက်တန်းကျောင်း၊ စာကလေးကွင်း၊ ပဲခူးမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က၊ စာကလေးကွင်း၊ ပဲခူးမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၆)ဦး၊ ကျောင်းသား/ကျောင်းသူများ (၁၅၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၆)ဦး၊ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က၊ စာကလေးကွင်း၊ ပဲခူးမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်မြင့်မြင့်ချိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်ဇော်အောင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, November 11, 2025 - 21:00