မွန်ပြည်နယ်၊မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ အခြေခံပညာအထက်တန်း ကျောင်း၊ပေါင်မြို့၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
မွန်ပြည်နယ်၊မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှခရိုင်အဆင့်ပညာပေးဟောပြောပွဲအနေ ဖြင့်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားအခြေခံပညာအထက်တန်း ကျောင်း၊ပေါင်မြို့၌ (၁၂-၁၁-၂၀၂၅)ရက်နေ့နံနက် (၁၀:၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာအေခြခံပညာအထက်တန်းေကျာင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးမှအဖွင့်အမှာစကား ပြောကြားပြီးမော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူးဦးအောင်ဇော်ထူးမှ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ ချရေး"ဆိုင်ရာအ ကြောင်းအရာများအားPowerPoint ဖြင့်ဟောပြောပို့ချခြင်း၊အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ် သက်သည့်ပညာပေးဗွီယိုမှတ်တမ်းပြသခြင်းနှင့်ကျောင်းသား/ကျောင်း သူများ၏ သိရှိလိုသည်များကိုပြန် လည်ဖြေကြားခြင်းများဆောင် ရွက်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့အခြေခံပညာအထက်တန်း ကျောင်းပေါင်မြို့မှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများကျား(၈၃)ဦး၊မ(၉၄)ဦးစုစုပေါင်း(၁၇၇)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအပြီးတွင်မိဘဆရာရန်ပုံငွေအဖြစ်လှူဒါန်းခြင်းအားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




